Myanmar Unicode အခမဲ့ဖောင့် အခု (၂၀)

 Edit: G drive မှဒေါင်းလို့အဆင်မပြေသူများအတွက် အောက်မှာ Mediafire လင့်ထည့်ပေးထားပါတယ်ခဗျ မီးပျက်နေတော့ mail ပို့ဖို့မလွယ်သလို comment တွေလဲရှာရခက်လို့ပါ

Cambodia မှ Danh Hong (Khmer Type) က မြန်မာယူနီကုဒ်ဖောင့်တွေကို ဆန်းသစ်စေလိုတဲ့ဆန္ဒနဲ့ ဖန်တီးပေးထားတဲ့ဖောင့်လေးတွေပဲဖြစ်ပါတယ် ခုဖောင့်တွေကို နေရာတော်တော်များများမှာတွေ့ဖူးကြမှာပါ၊ သူ့ရဲ့ဖောင့်တွေဟာ ပုံမှန်မြင်နေကျ မြန်မာဖောင့်ပုံစံမျိုးမဟုတ်ဘဲ ကြည့်ရတာတစ်မျိုးလေးဆန်းသစ်ပါတယ်၊ ဖောင့်ဖန်တီးမှု့အပိုင်းမှာ အတွေ့အကြုံ၊ သဘာရှိတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ဖန်တီးမှု့တွေဟာ ကျနော်တို့ ဖောင့်ဖန်တီးဖို့လေ့လာတဲ့သူတွေအတွက် ပညာရစရာတွေပါပဲ။ 



သူဟာ မြန်မာအက္ခရာ၊ စာရေးနည်းစနစ်တွေနဲ့ မရင်းနှီးတာကြောင့် သူ့ဖောင့်မှာလိုအပ်နေတာလေးတွေကို ကျနော်ကြိုးစားပြီး ပြုပြင်ဖြည့်စွပ်ထားပါတယ်၊ အဓိကကတော့ Microsoft Office မှာ မြန်မာစာရိုက်မရတာနှင့် အခြား တချို့ နငယ်၊ ရကောက်တွေမှာ မပြတ်တာ၊ ရရစ်တွေမှာမပြတ်တာ နောက် အောက်ကမြစ်၊ ပဆင့်၊ ဝဆွဲ မညီတာ စသဖြင့် ကျနော်ရှာဖွေတွေ့သလောက်လေးတွေကို သူ့ဖောင့်ရဲ့မူရင်းအရသာ(ဒီဇိုင်း၊ စနစ်) မပျက်စေဘဲ ကြိုးစားပြုပြင်ပေးထားပါတယ်။ 

ဒီဖောင့်တွေကို Edit လုပ်ဖို့ခွင့်တောင်ပေး/ အကြံပြုပေးသူကတော့ ကို San Lin Aung (MM TYPE) မှဖြစ်ပါတယ်။ 

အဓိကရည်ရွယ်ချက်ကတော့ ယူနီကုဒ်မှာ ရွေချယ်စရာဖောင့်အလှတွေပိုများလာပြီး သုံးတဲ့သူတွေလဲ ပိုများလာစေချင်တဲ့အတွက်ဖြစ်ပါတယ်၊ အသုံးကျလိမ့်မယ်လို့လဲမျှော်လင့်ပါတယ်ခဗျ။ မသုံးခင် Unicode Font နဲ့ပါတ်သက်ပြီးသိချင်တာများရှိရင် page မှာရှင်းပြပေးထားတာလေး ရှာဖတ်လို့ရပါတယ်ခဗျ။ 

အောက်ပါလင့်မှ Download ရယူပါ

Google Drive I MediaFire


Comments