***အရေးကြီးတဲ့သတ်ပုံ စာညွှန်း- သားရွှေဥ ဆုံးမစာ***

သားရွှေဥ၊  မျက်ရှုထုံးပေါင်း၊ 

လက်ရေးကောင်းက စာကြောင်း ဖြောင့်မတ်၊ အသတ် အတင်

အငင် အဆွဲ၊ ညီညွတ်မြဲတည့် စိန်ရွဲ အကယ်၊ စီသောနှယ်သို့

ရှုဖွယ်လှလွန်း၊ စက်လိုဝန်းလည်း သတ်ညွှန်း သတ်ပုံ၊         

မကျွမ်းတုံက ရွှေဘုံခေါင်ထွတ်၊ ရွှေလွှတ် ရွှေရုံး၊            

ရှေးစံထုံးနှင့် သုံးသင့်ဆီမှာ၊ ရောက်သော့ခါ၌ 

ပမာ မလေး၊ ရယ်သမ်းသွေးလိမ့် စာရေး အခွင့်၊ 

ရစ်ပင့်သတ်လတ် တတ်ခြင်းလိုလှ၊ အားပါးကျမူ

ဝဏ္ဏဗောဓနာ၊ ကျမ်းသေချာကို ဖွေရှာလက်ရှိ၊                

လေ့ကျက်ဘိ၍ ဟတ္ထိပါလ၊ သံဝရနှင့် နာဂနေနတ်၊                   

ဘူရိဒတ်လောင်း ဇာတ်ဟောင်းတသီး၊ လင်္ကာကြီးကို

နည်းမှီစေ့ငု၊ အမှီပြုလော့ သုတပညာ၊ ပွားအောင်မှာလည်း

ဓမ္မရာသီ၊ ပါရမီနှင့် တူပြီလည်းကောင်း၊ ဆုတောင်းခန်းပျို့

နှစ်လို့မြတ်နိုး၊ မဂ္ဃဇိုဝ်းဟု ထက်မိုးနတ်နန်း၊ ဖွဲ့ထူးဆန်း သည်

ဘုံခန်းလင်္ကာ၊ ဖတ်ကြည့်ရာ၏ နည်းနာခံယူ၊ ရတုမူလည်း

တောင်ငူမင်းဆို၊ ရှင်သံခိုနှင့် အုန်းညို မကြွင်း၊ မင်းနဝဒေး

နက်လေးဆန်းထူး၊ ပဲခူးရှင်မ ဇေယျနန္ဒမိတ်၊ မြတ်ပဏ္ဍိတ်တို့

ဉာဏ်မြိတ်ညွန့်ဝေ၊ ဥပဒေဖြင့် စေ့ရေပြုဖန်၊ ဖွဲ့ကာရန်၌

သတ်မှန် ခွဲထား၊ အခြားခြားလျှင် မှတ်သားစဖွယ်၊  သဘောကျယ်လျက်

ဓိပ္ပာယ်ပြန့်ပွား၊ စကားယဉ်နု၊ ပျို့ရတုလည်း ကြည့်ရှုလေ့လာ၊ မှတ်သားရာသည်

ရတနာမျက်ရှု သားရွှေဥ။   ။ (ပိုဒ်-၆)

(စာတော်ပြင်ဆရာကြီး ဦးပညာ)

#ရှေးစာကဗျာများ