ဒို့ မြန်မာစာ စည်းစနစ်သိပ်ကြီးသဗျ

 ကျနော်က ဆရာကြီး ဆရာမကြီးတွေထံက အသိပညာတစ်ခုခု အမြဲရတတ်တယ် ကံကောင်းတယ်ပေါ့

ပခုက္ကူ မှာ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)နဲ့ စာအကြောင်း ကဗျာအကြောင်း ပြောကြရင်း ဆရာကြီးကပြောပြတယ်

ကိုထင်.... တဲ့  ဒို့ မြန်မာစာ စည်းစနစ်သိပ်ကြီးသဗျ  ကကြီးစ အ ဆုံး ဗျည်း ၃၃လုံးမှာ

ဇယားကွက်ကိုကြည့် 

ပထမတိုင်က "က ၊ စ ၊ ဋ တ၊ ပ ၊ ယ" ခြောက်လုံး

နောက်ဆုံးတိုင်က "င ၊ ည ၊ ဏ ၊ န ၊ မ ၊ သ" ခြောက်လုံး

အဲဒါတွေနဲ့ အသတ်ပြုမှ မြန်မာစာ အစစ်ဗျ 

အခြားအက္ခရာတွေနဲ့ မသတ်ဘူး ၊ သတ်ရင်မြန်မာစာအစစ် မြန်မာဝေါဟာရ အစစ် မဟုတ်ဘူး

ပါဠိသက် ဗျ

ဟေ့ အဲဒီမှာမှ "က ၊ စ ၊ ဋ တ၊ ပ ၊ ယ" တွေနဲ့ သတ်ရင် အသံပြတ်ဗျ 

နောက်အက္ခရာကို ပင်ကိုသံအတိုင်းထွက်ရတယ် 

ဥပမာ သစ်ပင် (ပင်... ကိုနဂိုသံထွက်)

ခံတက်ကုန်း ဆိုရင်

တဝမ်းပူကို ကသတ်တော့ နောက်က ကုန်းကို အသံမပြောင်းရဘူး 

 "င ၊ ည ၊ ဏ ၊ န ၊ မ ၊ သ" တွေနဲ့ သတ်ရင် နောက်အက္ခရာကို တတိယအက္ခရာသံပြောင်းထွက်ရတယ် 

ဥပမာ ညောင်ပင် 

သဝေထိုး ညရေးချ ကို ငသတ်တော့ 

နောက်က 'ပင်' ကို ပစောက်သံမထွက်ရ

ပစောက်ရဲ့နောက်က တတိယ အက္ခရာဖြစ်တဲ့ "ဗ" အသံယူပြီး ဗင် လို့ထွက်ရတယ် 

ညောင် ပင် လို့မဖတ်ရဘူး ညောင်ဗင် လို့ဖတ်ရတယ် 

"ပင်စိမ်း" ဆိုရင် 

ပကို င သတ်တော့ နောက်က "စိမ်း"ကို နဂိုသံမထွက်ရ 

စလုံးရဲ့ တတိယအက္ခရာဖြစ်တဲ့  ဇကွဲသံယူပြီး "ပင်ဇိမ်း" လို့ဖတ်ရတယ်

မြန်မာစာ မြန်မာစကား 

အဲသလို စည်းနဲ့ စနစ်နဲ့ဗျ... တဲ့ 

ပညာရှိတို့စကား

ညီ ညီမတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်

ပညာအရိပ်ဟာ အလွန်အေးမြသာယာတယ်ဗျာ

Credit to Ko Htin Lin Oo

Comments