ခေတ်သုံးခေတ် သင်ပုန်းကြီးဖတ်စာ ကဗျာလေးများ

က-ကန်စွန်းပင် ၊ ရေမှာရွှင်။

ခ-ခရမ်းသီး ၊ ဓါးနဲ့လှီး။

ဂ-ဂဏန်းကောင် ၊ လက်မထောင်။

င-ငါးပုဏ္ဏား ၊ ဟင်းချက်စား ။

စ-စံပယ်ဖြူ ၊  မွှေးကြူကြူ။

ဆ-ဆရာကြီး ၊ ခေါင်းလောင်းတီး။

ဇ-ဇလားမှာ ၊ ဆန်ထည့်ပါ။

ည-ညနေခင်း ၊ လေညင်းညင်း။

တ-တေယာသံ ၊ တညံညံ။

ထ-ထရံထက် ၊ အိမ်မြှောင်တက်။

ဒ-ဒရယ်ဖို ၊ (ဂျို)ချိုတိုတို။

ဓ-ဓနိငုတ် ၊ ဓါးနဲ့ခုတ်။

န-နဖားမှာ ၊ ကြိုးလျှ ို ပါ။

ပ-ပလူတွင်း ၊ ပုရွက်ဆင်း။

ဖ-ဖယောင်းတိုင် ၊ ကြာပန်းခိုင်။

ဗ-ဗလုံထိုး ၊  တို့ချောင်းရိုး။

ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။

မ-မရန်းသီး ၊ ဆားနဲ့မြည်း။

ယ-ယမနေ ၊ သစ်ကောင်းပေ။

ရ-ရထားလှည်း ၊ မြင်းနွားဆွဲ။

လ-လနတ္တော် ၊ မုံ့ဆန်းလှော်။

ဝ-ဝရီးက ၊ ဦးကြီးပ။

သ-သပိတ်လွယ် ၊ ငှက်ကျားငယ်။

ဟ-ဟတတ ၊ ။ တံခါးဝ

အမှာ လူ အအ


 ဆရာ မင်းသုဝဏ်✍

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘

က-ကညစ်၊ ပေမှာခြစ်။

ခ-ခရာ ၊ အသံသာ။

ဂ-ဂဏန်း ၊ ရေမှာဖမ်း။

င-ငရုတ်စိမ်း ၊ စပ်ရှိန်းရှိန်း။

စ-စပါး ၊ တို့အားထား။

ဆ-ဆရာ ၊ ရိုသေပါ။

ဇ-ဇရပ်မှာ ၊ တည်းခိုပါ။

ည-ညအခါ ၊ လသာသာ။

တ-တလင်းဝယ် ၊ စပါးနှယ်။

ထ-ထမနဲ ၊ တပို့ၾတဲ။

ဒ-ဒရယ်လေး ၊ ဘေးမဲ့ပေး။

ဓ-ဓနိပင် ၊ အသုံးဝင်။

န-နယုန် ၊ လေရူးသုန်။

ပ-ပလောင် ၊ တို့ညီနောင်။

ဖ-ဖရုံပေါ ၊ တို့ယာတော။

ဗ-ဗလ ၊ အင်အားပြ။

ဘ-ဘယက် ၊ ရွှေဒေါင်းခွက်။

မ-မမ ၊ အဖော်ရ။

ယ-ယမင်း ၊ ပပဝင်း။

ရ-ရထား ၊ စီးလို့ၾသား။

လ-လမင်း ၊ ထိန်ထိန်လင်း။

ဝ-ဝကလေး ၊ ဝိုင်းဝိုင်းရေး။

သ-သမင် ၊ အပြေးလျင်။

အ-အလံ ၊ အောင်ပွဲခံ။


ဆရာ တက္ကသိုလ် မောင်မောင်ကြီး

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘

က-ကလေးငယ် ၊ ချစ်စဖွယ်။

ခ-ခရေကုံး ၊ မလေးပြုံး။

ဂ-ဂဏန်းသင် ၊ ပြုံးရွှင်ရွှင်။

င-ငချိပ်ပေါင်း ၊ စားလို့ကောင်း။

စ-စခန်းသာ ၊ တောင်တန်းပြာ။

ဆ-ဆရာမ ၊ ရိုသေကြ။

ဇ-ဇလပ်ဖြူ ၊ သင်းကြူကြူ။

ည-ညနေခင်း ၊ ရေခပ်ဆင်း။

တ-တမာပင် ၊ ရွာအဝင်။

ထ-ထမင်းပွဲ ၊ လက်ဆုံနွှဲ။

ဒ-ဒရယ်ယုန် ၊ သားမျိုးစုံ။

ဓ-ဓနိတန်း ၊ ပင်လယ်ကမ်း။

န-နဂါးမောင် ၊ အမောက်ထောင်။

ပ-ပလွေမှုတ် ၊ ကိုဖိုးတုတ်။

ဖ-ဖရုံယို ၊ အလွန်ချို ။

ဗ-ဗလကြီး ၊ ဆင်ပြောင်စီး။

ဘ-ဘဖိုးအို ၊ ဆီးလို့ကြို။

မ-မမလေး ၊ ဝလုံးရေး။

ယ-ယမင်းခင် ၊ ကကြိုးဆင်။

ရ-ရထားကြီး ၊ ပျော်ပျော်စီး။

လ-လဝါဝါ ၊ ထိန်ထိန်သာ။

ဝ-ဝတုတ်တုတ် ၊ ဖိုးဝရုပ်။

သ-သပြေညို ၊ အောင်ပွဲကြို။

ဟ-ဟဟာဟ ၊ ရယ်လိုက်ရ။

အ-အမိ‌‌မြေ တို့တိုင်းပြည်(ပြေ)၊

     ငါတို့ချစ်တဲ့မြေ။          ။


ဆရာ တင်မိုး☘


☘☘☘☘☘☘☘☘☘☘☘☘☘

#Credit_မူရင်း

#ဆက်လက်ရှာဖွေရန် ☘

၈၀ ကျော် ၉၀ အဖိုးအဖွားများက သူတို့ငယ်ငယ်က ရုပ်ပုံလေးတွေနဲ့

က ကျီးကန်း၊ ခ ခမောက်၊ ဂ ဂုံညင်း

ဃ ဃနာစိန်မင်းသမီး၊ င ငါးမျှားချိတ်

စ စုတ်တံ၊ ဆ ဆေးတံ... စသည်ဖြင့်

သင်ကြားခဲ့ရဘူးသည်ဟု ပြောပြပါသည်။ အပြည့်အစုံ သိချင်သော်လည်း စုံးစမ်း၍ မရရှိခဲ့ပါ။

လက်လှမ်းမီသူများအနေဖြင့် ရှာဖွေဖော်ထုတ်ပေးစေချင်ပါသည်။

#Credit

Comments