ရှေးအခါကမြန်မာတို့၏ အချိန်နာရီသတ်မှတ်ပုံအခေါ်ဝေါ်များ
* ရောင်နီပေါ်ချိန် နံနက် ၄ နာရီ ခွဲ
* အရုဏ်တက်ချိန် နံနက် ၅ နာရီ
* ဝေလီဝေလင်း နံနက် ၅ နာရီ
* ကျီးမနိုးတနိုး နံနက် ၅နာရီ ၂၀မိနစ်
* လင်းအားကြီး နံနက် ၅ နာရီ ခွဲ
* နေထွက်တပြူ နံနက် ၅နာရီ ၄၀မိနစ်
* မိုးစင်စင်လင်း နံနက် ၆ နာရီ
* နေထန်းတဖျား နံနက် ၉ နာရီ
* ဆွမ်းခံပြန်ချိန် နံနက် ၉ နာရီ ခွဲ
* ဆွမ်းစားချိန် နံနက် ၁၀ နာရီ ခွဲ
* နေမွန်းလတ် နံနက် ၁၁ နာရီ
* နေမွန်းတည့် နံနက် ၁၂ နာရီ
* နေမွန်းလွဲ နေ့လည် ၁ နာရီခွဲ
* ညနေစောင်း ညနေ ၃ နာရီခွဲ
* ညနေအေး ညနေ ၄ နာရီခွဲ
* နေ၀င်ဆည်းဆာ ညနေ ၅ နာရီ
* နေ၀င်ဖျိုးဖျ ညနေ ၅နာရီ ၂၀ မိနစ်
* နွားရိုင်းသွင်းချိန် ညနေ ၅ နာရီ ၄၀ မိနစ်
* ညီအကိုမသိတသိအချိန် ညနေ ၅ နာရီ ၅၀ မိနစ်
* နေ၀င်မိုးချုပ် ညနေ ၆ နာရီ
* ညချမ်းအချိန် ညနေ ၆ နာရီခွဲ
* သူငယ်အိပ်ချိန် ည ၇နာရီခွဲ
* သက်ကြီးခေါင်းချချိန် ည ၉ နာရီခွဲ
* လုလင်ပြန်ချိန် ည၁၀ နာရီ
* ညဦးကြက်တွန်ချိန် ည ၁၀ နာရီခွဲ
* သန်းခေါင်ကြက်တွန်ချိန် ည ၁၂ နာရီ
* ကြယ်အမြီးထောင်ချိန် ည ၁၂ နာရီ ခွဲ
* ကြက်ဦးတွန်ချိန် ည ၃ နာရီ ခွဲ
မြန်မာတို့၏ အချိန်ကာလ အခေါ်အဝေါ်များ
ယနေ့၊ နက်ဖြန်၊ သဘက်ခါ ၊ တစ်လ ကိုးသီတင်း
မြန်မာဝေါဟာရ နေ့များ-
=> ယနေ့ (မူရင်း)၊
=> အတိတ်နေ့များ၊
(၁)မနေ့၊
(၂) တမြန်နေ့၊
(၃) တမြန်ပြင်မနေ့။
=> အနာဂတ်နေ့များ။
(၁) နက်ဖြန်
(၂) သဘက်ခါ
(၃) ဖိန်းနွဲခါ၊
(၄) ဖကြိုခါ
(၅) အပိတ်၊ အဖိတ်၊
(၆) (၇) ဒုတိယ၊ တတိယ အပိတ်နေ့
(၈) ဥပုသ်နေ့။
ယနေ့ ဝေါဟာရ _
ယနေ့ကား- " ယခုနေ့ " ဟူသော ဝေါဟာရမှ ပြောင်းလာသည်။ ယခုနေ့၊ ယနေ့ " ခု " ကိုဖျောက်၍ ဝေါဟာရပြောင်းသည်)။
နက်ဖြန် ဝေါဟာရ _
ယနေ့မှ နောက်နေ့ကို " နောက်တပြန် " ဟုဆိုသည်။
" နေ့တပြန် " ဟူသော ဝေါဟာရမှ အဆင့်ဆင့် ပြောင်းသည်။
(နေ့တပြန် > နေ့ပြန် > နဲ့ပြန် > နက်ပြန် > နက်ဖြန်)
သဘက်ခါ ဝေါဟာရ _
နက်ဖြန်၏ နောက်နေ့ကို နက်ဖြန်၏ တဘက်နေ့ ဖြစ်သောကြောင့် " တဘက်နေ့အခါ " ဟုလည်းကောင်း၊
" တဘက်ခါ " ဟုလည်းကောင်း၊
" သဘက်ခါ "ဟုလည်းကောင်း အဆင့်ဆင့်ပြောင်း၍
ခေါ်ဆိုသည်။ အချို့ကား " သံဘက်ခါ "ဟု ဆိုကြသေးသည်။
(တဘက်နေ့အခါ > တဘက်ခါ > သဘက်ခါ)
ဖိန်းနွဲခါ ဝေါဟာရ _
"သားကြီးငါးကြီး မပေါ်ရ" ဟု ဘုရင့်အမိန့်တော်
မောင်းစည်လှည့်သော သားကြီးငါးကြီး အပိတ်နေ့ကို အခြေခံ၍ ဖြစ်ပေါ်သည်။
ရှေးမြန်မာတို့သည် လဆန်း (၅)ရက်နေ့၌
သားငါးကြီးမပေါ်ရ အမိန့်ကို စည်လည်စေသည်။
အမိန့်တော်စာကို ဆင်ပေါ်မှ ဖတ်ကြား အမိန့်တော်ပြန်ရသည်။…………
ဤသို့ သားကြီးငါးကြီး မပေါ်ရ၊ လဆန်းငါးရက်နေ့ကို
" အပိတ်နေ့ "ဟုဆိုသည်။ ထို အပိတ်နေ့ကို " အဖိတ်နေ့ " ဟု အသံပြောင်းဆိုသည်။
အဖိတ်နေ့အကြို လဆန်း(၄) ရက်နေ့ကို " အဖိတ်ကြိုနေ့ "ဟု ဆိုသည်။ အဖိတ်ကြို ဟူသော ဝေါဟာရမှ " ဖိတ်ကြို " ဟုလည်းကောင်း၊ " ဖကြို " ပြောင်းရွှေ့၍ " ဖကြိုနေ့ "ဟုဆိုသည်။
ထို ဖကြိုနေ့၏ရှေ့ လဆန်း (၃)ရက်နေ့ကို အဖိတ်နှင့် ဆက်နွယ်နေပြီ ဖြစ်၍ " အဖိတ်နွယ်နေ့ " ဟုဆိုသည်။
အဖိတ်နွယ် ဝေါဟာရမှ " ဖိတ်နွယ် " ဟုလည်းကောင်း၊
" ဖိတ်နွဲ " ဟုလည်းကောင်း၊ " ဖိန်းနွဲ " ဟုလည်းကောင်း၊
" ဖနွဲ "ဟုလည်းကောင်း မြန်မာ့ဝေါဟာရ ခေါ်တွင်သည်။
=> ယနေ့၏ရှေ့ အတိတ်ရက်၊ နေ့
-> မနေ့
" ယမန်" ကား လွန်ခဲ့သောအခါကို ဟော၏။
ယမန်ရက်၊ ယမန်လ၊ ယမန်နှစ် စသည်ရှု။
ယမန်- လွန်ခဲ့သော (တနေ့လွန်ခဲ့သော) နေ့~ နေ့အခါ၊
ယနေ့မှ ပြန်ခဲ့သော် တနေ့လွန်သော နေ့ကို " ယမန်နေ့ "
ခေါ်သည်။
ယမန်နေ့မှ ယမနေ့ သို့လည်းကောင်း၊
မနေ့ သို့လည်းကောင်း ဝေါဟာရပြောင်းသည်။
(ယမန်နေ့ > ယမနေ့ > မနေ့)
-> တမြန်နေ့ ဝေါဟာရ _
မနေ့ကထောက်၍ နေ့တပြန် ရှေ့ကျသောကြောင့်
တစ်ပြန်နေ့- ဟုဆိုသည်။
တစ်ပြန် ဟူသော ဝေါဟာရမှ " တပြန်နေ့ " ၊ " တမြန်နေ့ " သို့ပြောင်းသည်။
(တစ်ပြန်နေ့ > တပြန်နေ့ > တမြန်နေ့)
-> တမြန့်ပြင်မနေ့၊ တမြန်ပြင်တနေ့ _
တမြန်နေ့၏ မနေ့ကို တမြန်နေ့အပြင် လွန်ခဲ့သော မနေ့ ဖြစ်၍
" တမြန့်ပြင်မနေ့ " ဟုဆိုသည်။
တမြန်နေ့အပြင် အရင်တနေ့ဖြစ်၍ " တမြန့်ပြင်တနေ့ " ဟုလည်း ဆိုသည်။
(မဟာသုတဒီပနီ တ- တွဲ)
(မြန်မာပြက္ဒဒိန်၌သာ ရသော ဥပုသ်နေ့များ)
တလ ကိုးသီတင်း
၁။ လဆန်း ၇-ရက်နေ့
၂။ လဆန်း ၈-ရက်နေ့
၃။ လဆန်း ၁၄-ရက်နေ့
၄။ လပြည့်နေ့
၅။ လပြည့်ကျော် ၁-ရက်နေ့
၆။ လပြည့်ကျော် ၇-ရက်နေ့
၇။ လပြည့်ကျော် ၈-ရက်နေ့
၈။ လကွယ်နေ့
၉။ လဆန်း ၁-ရက်နေ့
#ရှေးစာကဗျာများ
Comments
Post a Comment