မြန်မာသဒ္ဒါ
မြန်မာသဒ္ဒါ
လူတို့နှုတ်မှထွက်သောအသံတို့ကို ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် စနစ်တကျ ပြောဆို ရေးသားရသည်။ ထိုသို့ ပြောဆိုရေးသားရာ၌ အသုံးပြုရမည့် စည်းစနစ်တို့ကို ဖော်ပြသော ကျမ်းသည် သဒ္ဒါကျမ်း ဖြစ်သည်။
- သဒ္ဒါအဓိပ္ပာယ်ရှိသောအသံကို အစွဲပြု၍ ရေးသားထားသောကြောင့် သဒ္ဒါဟု ခေါ်သည်။
- အသံနားဖြင့် ကြားသမျှကို အသံ ဟုခေါ်သည်။
- သဒ္ဒသဒ္ဒသည် ပါဠိစကားဖြစ်သည်။ အသံဟု အဓိပ္ပာယ်ရသည်။
- အက္ခရာ
လူတို့နှုတ်မှ ထွက်သော အသံတို့ကို နားဖြင့်ကြားရသည်။ ထိုအသံတို့ကို ကိုယ်စားပြုထားသည့် အမှတ်သင်္ကေတများကို အက္ခရာ ဟုခေါ်သည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော အမှတ်သင်္ကေတများသည် အက္ခရာများဖြစ်ကြသည်။ ထိုအက္ခရာများကို စာရေးသားရာတွင် အသုံးပြုကြရသည်။
- စကားလုံး
အနက်အဓိပ္ဂာယ်ကို ဖော်ပြနိုင်သော စကားအစိတ်အပိုင်း အသီးသီးကို စကားလုံး ဟုခေါ်သည်။
- ပုဒ်
သီးခြားစကားလုံးကိုလည်းကောင်း၊ သီးခြားစကားလုံးနှင့် အကူစကားလုံးတို့ကို တွဲစပ်ထားသော စကားလုံးတို့ကို လည်းကောင်းပုဒ် ဟုခေါ်သည်။
- ဝါကျ
ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျ စီစဉ်ထားသော ပုဒ်အစုအပေါင်းကို ဝါကျ ဟုခေါ်သည်။ ဝါကျတစ်ခုတွင် အနည်းဆုံး ကတ္တားတစ်ခုနှင့် ကြိယာတစ်ခု ပါဝင်သည်။
- ကာလ
ကြိယာ၏ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းနှင့် စပ်ဆိုင်သော အချိန်ကို ပြသည်။
- လိင်
အထီးအမသဘာဝကို လိင် ဟုခေါ်သည်။
- ကိန်း
အရေအတွက်ကို ကိန်း ဟုခေါ်သည်။
- ဝါစင်္ဂ
ဝါစင်္ဂ သည် ဝါစာနှင့် အင်္ဂ ပေါင်းစပ်ထားသော ပါဠိစကား ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် ပြောဆိုသောစကား၏ အစိတ်အပိုင်းကို ဝါစင်္ဂဟု ခေါ်သည်။
- ပုဒ်စု
ပုဒ်(၂)ပုဒ်၊ (၃)ပုဒ် စသည်တို့၏အကြား၌ ဝိဘတ်၊ ပစ္စည်း၊ သမ္ဗန္ဓတစ်ခုခုကိုထားလျက်ဖြစ်စေ၊ ပုဒ်(၂)ပုဒ်၊ (၃)ပုဒ် စသည်တို့၏ နောက်၌ သမ္ဗန္ဗ(၂)ခု၊ (၃)ခု စသည်တို့ကို ထားလျက်ဖြစ်စေ ဆက်ထားသောပုဒ်ကို ပုဒ်စု ဟုခေါ်သည်။
Comments
Post a Comment