မြန်မာအက္ခရာ စာလုံး ဒီဇိုင်း အကြောင်း

(၁) အက္ခရာ စာလုံး အမျိုးအစား

စာစီစာရိုက် စာရိုက်မယ်ဆိုရင် ....အရင်က လက်နှိပ်စက် ၊ ခဲဘလောက်စီ ပုံနှိပ်စက် နဲ့ ရိုက်ခဲ့ပေါ့.......

ခုတော့..... တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့ စာရိုက်မယ်ဆို ကွန်ပျူတာ ၊ တယ်လီဖုန်း........တစ်ခြား ကရိယာ တွေ အများကြီး ရှိပါတယ်။

စာလုံး အဝိုင်းလေး တစ်မျိုးတည်းရှိလည်း စာရိုက်လို့ရပါတယ်......

စာစီ ပြီ ဆိုရင်တော့ စာကို လှအောင်လုပ် ရမှာဆိုတော့ စာလုံး အမျိုးအစား (၃)မျိုး

(၁) ထုထူ စာလုံး

(၂) ပုံမှန်ထုထူ စာလုံး

(၃) အပါး စာလုံး တွေကို သူနေရာနဲ့ လိုက်ဖက်အောင် သုံးရပြီပေါ့။

ခေါင်းစဉ်ကြီး, ခေါင်းစဉ်ခွဲ, စာကိုယ် တို့ မှာ ဘယ်လို လိုက်ဖက်ညီအောင် ဘယ်စာလုံး အမျိုးအစား သုံးမှ နေရာ တကျ စာ လေး လှ ပ (စာစီ) နိုင်မလဲ????........


(၂) အက္ခရာ စာလုံးပုံသဏ္ဍန်

စာစီမယ်ဆို စာလုံး ပုံသဏ္ဍာန်တွေက

အဝိုင်း

လေးထောင်

အထောင်

အလဲ

ဘဲဥ

ဆိုပြီး စာစီ(စာကို လှအောင်ဖန်တီးခြင်း) ဖို့ ရှိပေမဲ့ ကြော်ငြာ ဒီဇိုင်း လုပ်ပြီး ဆိုရင်တော့ .. မလုံလောက်တော့ဘူး.. လက်ရေး ပုံသဏ္ဍာန် နှင့် သီးခြား/ ကိုယ်ပိုင်ဟန် ပုံစံစုံ တွေ လိုလာပါပြီ.....


ကြော်ငြာ ဒီဇိုင်း ဆိုတာက အရသာ အမျိုးမျိုး ပေးစွမ်းရမှာ ဆိုတော့ ပုံသဏ္ဍာန် အစုံသုံး မှ ရသစုံ ရမှာလေ.... 

တခြားဒီဇိုင်းတွေအတွက် ပဲလုပ်မယ်ဆိုရင်လည်း စာလုံးဒီဇိုင်း ပိုလိုပါတယ်...


ကြော်ငြာ ဒီဇိုင်း ဖန်တီးမယ် ဆိုရင်တော့ စာလုံး ပုံသဏ္ဍာန်အစုံကို ပစ်ပယ်လို့ မရတော့ဘူးနော်.........ဘယ် နေရာမှာ ဘယ်လို စာလုံးပုံသဏ္ဍာန်သုံးမှ ..........?????


************************


(၃) ဒီဇိုင်းနဲ့ အက္ခရာ စာလုံး 

  • ဒီဇိုင်း
  • အရောင်(Color)
  • ရုပ်ပုံ (Line, Shape, Texture)
  • နေရာချထားမှု၊အလေးချိန် အချိုးကျမှု (Space, Form, Point, Balance) 
  • ဆန်းသစ်တဲ့ စိတ်ကူးကောင်း (new idea)

ရှိရင် နှစ်သက်မြတ်နိူးရမဲ့ ဒီဇိုင်းကောင်း တစ်ခုရပါတယ်......


ကြော်ငြာနဲ့ စပ်ဆိုင်တဲ့ ဒီဇိုင်း ဆိုရင်တော့ အက္ခရာ စာလုံးဒီဇိုင်း က ၃၀%  ကနေ ၇၀ % ပါဝင်ပါတယ်.....

ဒီတော့ ကြော်ငြာနှင့်ပတ်သက်တဲ့ ဒီဇိုင်း ဆိုရင်

စာလုံး က ......အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရပ်တည်လာပါတယ်........?????



***************

(၄) အက္ခရာ စာလုံး ဒီဇိုင်းဟန်

ဒီဇိုင်းရဲ့ အကြောင်းအရာပေါ်လိုက်ပြီး အရောင်(Color) ရုပ်ပုံ(Line,Shape,Texure) နေရာချထားမှု၊အလေးချိန် အချိုးကျမှု (Space,Form,Point,Balance) သစ်ဆန်းတဲ့စိတ်ကူးကောင်း(new idea) ပြောင်းလဲရသလို စာလုံးဒီဇိုင်းဟန်ကိုလဲပြောင်းလဲရပါတယ်.......

အင်္ဂလိပ်စာလုံးတွေမှာ ဟန်မျိုးစုံတွေ့နေရတာပဲ...

regular, handwriting, script, mono line,

hand lettering, brush, fancy, wedding,..........

ဟာ ....ပြောမဆုံးပေါင်တောသုံးထောင်........... အများကြီးပါ.......

မြန်မာမှာ လည်း အကြောင်းအရာပေါ်လိုက်ပြီး စာလုံးဒီဇိုင်းဟန်တွေ အများရှိနေပါတယ်... ပုံပမာပြရရင်........


ရှေးခေတ်ဟောင်းနဲ့ အကြောင်းအရာဆို မြန်မာပန်းကနုတ်ဟန်စာလုံးတွေ သုံးရပါတယ်..... 

ဥပမာ.....အလှူတော်......ပိုးထည်ဆိုင်.....

မြန်မာလက်ဖက်......အစပေါ့.....


သွက်သွက်လက်လက် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ဖြစ်စေချင်ရင်........လက်ရေးဟန်

ရှင်းလင်းလိုရင် တော်ဝင်ဟန် စသည်ဖြစ် ဟန်တွေ အများကြီးရှိပါတယ်....

လိုက်ဖက်အောင်တော့ သုံးရပါမယ်....


စာလုံးဒီဇိုင်းဟန်........ များများရှိမှ ခွဲပြားခြားနားတိုးတက်မှာပါ.....

အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ စာလုံးဒီဇိုင်းဟန်များဖြင့် ပေါင်းစပ်ဖန်တီးနိုင်ပါစေ..


(၅) ဒီဇိုင်းဖျက် စာလုံး  

အက္ခရာ စာလုံးကို သူဟန်နဲသူ သူရသနဲ့လိုက်အောင် ပုံသဏ္ဍာန်နှင့် လိုက်ဖက်အောင် မသုံး တတ်ရင် မသုံးရင် ဒီဇိုင်းကောင်းတစ်ခုကို ဖျက်စေပါတယ်....

စာစီ ဒီဇိုင်းမှာတောင် ခေါင်းစီး နေရာ ခေါင်းစီး စာကိုယ်နေရာ စာကိုယ်စာလုံးမသုံးပဲ ဒီစာလုံးလေး လှပါတယ်ဆိုပြီး နေရာတိုင်း သုံးလိုက်တော့ စာလုံးလည်း ပျက် စာစီထားတဲ့ ဒီဇိုင်းလည်း ပျက်

စာစီဒီဇိုင်း တစ်ခုလုံး စာလုံးက လှပါတယ် သူနေရာသူမသုံးတော့ .....

ဒီဇိုင်းမှားလည်း လိုက်ဖက်တဲ့ အက္ခရာ စာလုံးကို သုံးရပါတယ်... အကြောင်းအရာ နဲ့ လိုက်ဖက်တဲ့ ဟန်

အကြောင်းအရာရသ နဲ့ လိုက်ဖက်တဲ့ စာလုံးဟန် အကျိုးသက်ရောက်စေလိုတဲ့ အကြောင်းအချက် ပေါ် လိုက်ဖက်တဲ့  အက္ခ၇ာ စာလုံးကို ရွှေးချယ်ရပါတယ်....

........................................................

ဒီဇိုင်းကို ဖျက်တဲ့ စာလုံး 
သူ့နေရာနဲ့ သူ မသုံးတတ်ရင် ဒီဇိုင်းကောင်းလည်း ပျက်ပါတယ်..........


(၆) ရသ စာလုံး  

စာလုံး တစ်ခု ကို အသုံးပြုမယ်ဆိုရင်.... အကြောင်းအရာ ပြောချင်တဲ့ ရသ နဲ့ ကိုက်ညီတဲ့ ပုံသဏ္ဍာန် ဟန် စာလုံးကို သုံးမှ ဖြစ်မှာပါ.....

အားမာန်သစ် ကို တဲ့ စာလုံးကို ဒီဇိုင်းမှာ မျဉ်းကွေးတွေနဲ့ ဖွဲ့စည်း ထားတဲ့ ပျော့ပျော့ပြောင်းပြောင်း နုနု ညံ့ညံ စာလုံးသုံးလိုက်ရင် ရသ မကိုက်တော့...........

ပေါ့ပေါ့ ပါးပါး ပြောလို့ တဲ့ အကြောင်းအရာ ထူးထူး ခြားခြား သိစေလိုတဲ့ နေရာမှာလည်း လက်ရေး ပုံစံ စာလုံးလေး သုံးရင် ပိုမို ပေါ်လွင် ထူးခြား မှာပါ......

ကြောက်စရာ ဆိုတဲ့ အကြောင်း အရာ ကို ဘယ်လို စာလုံး သုံးမလည်း..........

ရှေးခေတ် အကြောင်းဆို ဘယ်လို စာလုံး သုံးမလဲ........

ခမ်းနား ကြီးကျယ်တဲ့ နေရာမှာ ဘယ်လို စာလုံး သုံးမလဲ........

.........

..........

.......

အကြောင်း အရာ ရသ နဲ့ ...........................??????????????


**************

(၇) ပထမဆုံး အမြင်နဲ့ အကြည့်မှာ စာလုံး  

လူဆိုတာ အရင် သိချင်တာပါ။ အရင် မကြည့်(မခံစား) ချင်ပါဘူး။ စာပါဝင်တဲ့ ဒီဇိုင်း တစ်ခုတွေ့ရင် ဘာလဲ ဆိုတာ အရင်ကြည့်တာပါ။ အရင် သိချင်တာကိုး......

စာအရင်ဖတ်တာပေါ့..... စာလုံးကလေးက စိတ်ဝင်စားတဲ့ အမြင်ဆန်းသစ်လွင်ထူးခြားနေရင် စိတ်ဝင်စား ပြီပေါ့.... စာလုံးကို ပထမ ကြည့်တာပါ... နောက်မှ အရုပ် အရောင် နေရာချထားတာတွေ ကြည့် ခံစားတာလေ....

အရင်ဆုံးမြင်လိုက်တဲ့ ခေါင်းစီး စာလုံး ဟာ စိတ်ဝင်စား စရာကောင်းမှ ကိုယ့်ဒီဇိုင်းကို စိတ်ဝင်စားမှာပါ........

ပထမ ကို................??????????


**************


(၈) စာလုံးရဲ့နေရာ

ဒီဇိုင်းရဲ့ နေရာ ပေးမှု အခြေအနေပေါ်လိုက်ပြီး စာလုံး ရဲ့ နေရာကို ချထားရမှာပါ.... ဘယ်လို အခြေအနေဖြစ်ဖြစ် အဝိုင်း နဲ့ လေးထောင့်ဟန်စာလုံးကြီး အသုံးပြုနေမည်ဆိုရင်တော့ ကိုယ့်ဒီဇိုင်းဟာ စာစီ ဒီဇိုင်းသာသာတာဖြစ်နေမှာပါ......

ဒီဇိုင်းလုပ်ရမဲ့နေရာက အလျားလိုက်ဆို အလဲ စာလုံး အထောင် ဆိုရင်လဲ အထောင်စာလုံး လိုက်ဖက်တဲ့ပုံဟန်ကို ရသ ညီစွာသုံးမှသာ ဆန်းသစ်ခေတ်မှီနေမှာပါ။

ပုံစံစုံ စာလုံးကို သုံးပြီး ကိုယ်ဒီဇိုင်းကို အနည်းဆုံး စိတ်ဝင်စား ထူးခြား ဆန်းပြား ပေါ်လွင် အောင်ကြိုးစားရမှာပါ.... လူတိုင်းကို ဒီစာလေး ဖတ်သွားပါအုံး.... လိုက်ပြောနေလိုမရပါဘူး။

အကြည့် အမြင် လေးက တဆင့် .....?


**************

(၉) လက်နှီးစုပ် စာလုံး 

အက္ခရာ စာလုံးတစ်လုံးဟာ ရှင်းလင်းပြတ်သား ဆန်းသစ်လွင် လှပနေရင် ဒီစာလုံးကိုပဲ လူတိုင်းက ထပ်ဖန်သလဲလဲသုံးတဲ့

အတွက် ရွှေထုတ်တဲ့မြပုဝါလို စာလုံးလှ လေးဟာ ဖန်တရာတေတစ်မိုးလုံးအနှံ အခါခါသုံးလိုက်တော့ လက်နှီးစုတ်ပုဝါ ဘ၀ ရောက်ရလေသတည်းပေါ့....


ရှေးဆရာကြီးများတော့ သူတို့ရဲ့ ဒီဇိုင်း ကိုယ်ပိုင်ရေးတဲ့ စာလုံးကို ထပ်ခါသုံးတော့ စာလုံးကို မြင်လိုက်တာနဲ့ ဆရာကြီးဆိုပြီးပြေးမြင် ပါတယ်....ဆရာကြီးတွေရဲ့ အမှတ်အသားအဖြစ် ပေါ့.....ခုထိလဲ ဆရာကြီးများသုံးနေတုန်းပါ... ဒီစာလုံးမြင်ရင် 

 ဆရာမောင်မောင်သိုက်...

ဒီစာလုံးမြင် ဆရာ ဝသုန်

ဒီစာလုံးမြင် ဆရာ မြင့်မောင်ကျော်.................

........................

ကွန်ပျူတာခေတ်မှာလည်း ကိုယ်ပိုင် စာလုံးကိုယ်တိုင်ထွင် ကိုယ်ပိုင် စာလုံး ကိုယ်ပိုင်ဒီဇိုင်းတွေမှာ မရိုးနိူင်အောင်သုံး တဲ့ ဆရာများလည်းရှိပါတယ်....

ဆရာတွေရဲ့ ကိုယ်ပိုင်စာလုံးတွေဆိုတော့ ဆရာများရဲ့ logo အမှတ်အသားပါပဲ.....

ဒီနေ့ ကွန်ပျူတာခေတ်မှာတော့...... ပုံနှိပ်လုပ်ငန်း ၊ ဆိုင်းဘုတ်လုပ်ငန်း ၊ ဆေးရိုက် လုပ်ငန်း ၊ ကြော်ငြာလုပ်ငန်း တွေဟာကွန်ပျူတာ နဲ့ သက်ဆိုင်ရာ စက်ကနေ တဆင့် လုပ်ဆောင်ရတဲ့ ခေတ်မှာ........ ဒီစာလုံးလေး ကောင်းတယ် ဆိုတော့နေရာတကာ အချိန်တိုင်း သုံးလိုက်တော့ လမ်းတစ်လမ်းရဲ့ ဆိုင်းဘုတ်တွေ ဟာလည်း

ဒီစာလုံး............. ဒီဇိုင်းတွေရဲ့ မျက်နှာတွေ မှာလည်း  ဒီစာလုံး..........

ဆိုင်းဘုတ် နဲ့ ဘယ်ဒီဇိုင်းတွေ ကြည့်ကြည့် ဆင်တူတွေကြီး ဘာမှ မထူးခြားတော့ ကြည့်ရတဲ့သူတွေမှာ ရောထွေးမဆန်းသစ် ပုံစံခွက်ထည့်က ကမ္ဘာကြီးဖြစ်လာတယ်..............

လက်ခေတ်လောက် မှ မဆန်းသစ် မသစ်လွင်တော့.............. ဒို့ခေတ် ...ရောက်မှ ညံ့ရတော့မှာလား????


ရွှေထုတ်တဲ့ မြပုဝါလေးတွေ လက်နှီးစုတ် မဖြစ်ရလေအောင်..... မြပုဝါလေးတွေ အများကြီး ရှာထားပြီး အလှည့်ကျလေး သုံးပေးရင်...........

................................................

လှပဆန်းသစ်တဲ့ ရောင်စုံပန်းလေးတွေနဲ့ ပျော်ရွှင်ဘွယ် လန်းဆန်း သစ်လွင်နေတဲ့ နေချင်ဖွယ်......ခံစားမှု အသစ်တွေနဲ့

နေရာ........... တန်ဖိုးရှိတဲ့ မြပုဝါလေးတွေ ဖန်တီးကြစို့......


**************



Crd: Yamin Font


Comments