ပထမတန်း မြန်မာဖတ်စာသစ် ၁၉၆၄

 


၁၉၆၄ ခုနှစ်က ပထမတန်း မြန်မာဖတ်စာသစ်

ပထမတန်း မြန်မာဖတ်စာသစ်
၁၉၆၄ ခုနှစ်၊ အုပ်ရေ (၇၆၅,၀၀၀)
ကျောင်းသုံးစာအုပ်သစ်များ ထုတ်လုပ်ရေးကော်မတီမှ ထုတ်ဝေသည်။
စာမျက်နှာ ၈၈၊ ၁၇.၅ x ၂၄ စင်တီမီတာ

ဒီစာအုပ်က သရုပ်ဖော်ပုံ အများစုကို ဆရာကြီး ဦးဘကြည် ရေးဆွဲထားတာပါ။ အချို့ပုံတွေကတော့ ပန်းချီ ဦးအေးတင် လက်ရာလို့ထင်ပါတယ်။ တစ်အုပ်လုံးကို အရောင်စုံ ပုံနှိပ်ထားတာပါ။ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်က စာအုပ်ပေမယ့် ပုံတွေက အရောင်အသွေးစိုစို အနုစိတ်စိတ်မို့ အလွန်ပင် ချစ်ဖို့ကောင်းပါတယ်။ ပုံတွေက အသက်ဝင်ပြီး ချစ်စရာကောင်းတာမို့ မြင်ဖူးသမျှ မြန်မာပြည်က ပုံနှိပ်စာအုပ်တွေထဲမှာတော့ ကျွန်တော့အတွက်ကတော့ ချစ်ဖို့အကောင်းဆုံးပါပဲ။

ဖတ်ရသူတိုင်း စိတ်ကြည်နူး ကျေနပ်စေမှာ အမှန်ပါ။ ငယ်ငယ်တုန်းက သင်ဖူးသူတွေအတွက်လည်း အလွမ်းပြေပေါ့။

စာအုပ်ရှာပေးတဲ့ ကိုဝင်းကို ကို ကျေးဇူးပါ။



(အချို့ဆရာတွေက ဒီစာအုပ်တွေကို ခုခေတ် ကလေးတွေကို စာသင်တဲ့အခါ အချို့ကဗျာလေးတွေ ပုံလေးတွေကို ပြန်လည် အသုံးပြုတယ်လို့ သိရပါတယ်။ ဒီလိုပြန်သုံးတဲ့အခါ အရည်အသွေးကောင်းကောင်းနဲ့ print ထုတ်နိုင်အောင် original pdf ပါတင်ပေးလိုက်ပါတယ်)




Comments