မူလတန်း မြန်မာဖတ်စာ ၁၉၆၀


၁၉၆၀ ခုနှစ်က မူလတန်း မြန်မာဖတ်စာ
၁၉၆၀ ခုနှစ်က မူလတန်း မြန်မာဖတ်စာ

ဒီစာအုပ်က အရင်တစ်ခေါက်ကတင်ထားတဲ့ ၁၉၇၂ ခုနှစ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ် စာအုပ်ရဲ့ရှေ့က စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဆရာကြီး ဦးဝန် (မင်းသုဝဏ်)နှင့် ဆရာကြီး ဒေါက်တာဦးဘ တို့က ဖတ်စာများကို ပြုစုခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်ကတော့ အတော်ပါးပြီး အတွင်းစာမျက်နှာပေါင်း ၃၆ မျက်နှာသာပါရှိပါတယ်။ သူတို့ခေတ်က ပုံနှိပ်နည်းပညာကြောင့် ထင်ပါတယ်။ အရောင်ကိုလည်း အနီနှင့်အနက်၊ အဝါနှင့်အနက် နှစ်ရောင်စီသာ သုံးပြီး ပုံနှိပ်ထားပါတယ်။

ဒီစာအုပ်ထဲမှာတော့ သင်ပုန်းကြီးလင်္ကာ က
က ကစွန်းပင်၊ ရေမှာရွှင်
ခ ခရမ်းသီး ဓားနှင့်လှီး
ဂ ဂဏန်းကောင်၊ လက်မထောင် ဖြစ်ပါတယ်။
ဒီသင်ပုန်းကြီးလင်္ကာကို ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ရေးစပ်ထားပါတယ်။

ပန်းချီဆရာကြီး ဦးဘဉာဏ်သရုပ်ဖော်ရေးဆွဲပေးထားတဲ့ ကလေးကဗျာသုံးပုဒ်ကိုလည်း စာအုပ်ရဲ့နောက်ပိုင်းမှာ ဖတ်ရပါမယ်။

++++++
က ကညစ် ပေမှာခြစ်၊ ခ ခရာ အသံသာ၊ ဂ ဂဏန်း ရေမှာဖမ်း စတဲ့ ကဗျာကိုတော့ ဆရာကြီး ရန်ကုန်ဘဆွေက ရေးစပ်ခဲ့ကြောင်းသိရပါတယ်။
က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး၊ ဂ ဂဏန်းသင် ပြုံးရွှင်ရွင် စတဲ့ ကဗျာကိုတော့ ကဗျာဆရာကြီး တင်မိုးက ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။
(အဲဒီအကြောင်း ကွန်မန့်တင်ပေးတဲ့ မိတ်ဆွေတစ်ယောက်ကို ကျေးဇူးတင်ပါတယ်။)

++++++
သေချာပါတယ်။ ဒီစာအုပ်နဲ့ သင်ဖူးလို့ သတိရတယ်ဆိုရင် အခု သင် အသက်ခြောက်ဆယ်ကျော်နေပြီဆိုတာ။






Comments