စာတတ်မြောက်ရေးလုပ်ငန်း သက်ကြီး မြန်မာဖတ်စာများ

အသုံးလုံးကျေသင်တန်း ကြီးကြပ်ညှိနှိုင်းရေး ဗဟိုကော်မတီ၊ သက်ကြီးစာပဒေသာ ပြုစုရေး ဆပ်ကော်မတီက စီစဉ်၍ စာပေဗိမာန်က ထုတ်ဝေသည်။

၁၉၆၆ ခုနှစ်မှ စတင်၍ စမ်းသပ်စည်းရုံးလှုပ်ရှားခဲ့သော မြန်မာနိုင်ငံ စာတတ်မြောက်ရေး ဗဟိုကော်မတီတွင် “သက်ကြီးဖတ်စာနှင့် စာပဒေသာ ပြုစုရေးဆပ်ကော်မတီ” ကို ဖွဲ့စည်းထားရှိပါသည်။ သက်ကြီးစာပဒေသာ ပြုစုရေးဆပ်ကော်မတီ၏ ရည်ရွယ်ချက်မှာ စာဖတ်ရှိန်ရရှိစေရန်၊ စာဖတ်တတ်မှုကို မမေ့မပျောက်စေရန်၊ စာဖတ်ဝါသနာတိုးပွားစေရန် တို့ဖြစ်သည်။

၁၉၇၀-၇၁ ခုနှစ်မှစပြီး စာဖတ်တတ်သူများ စာဖတ်ရှိန်မြှင့်တင်၍ စာဖတ်တတ်သွားသူများအဖြစ် မိမိကိုယ်ကို စိတ်ချယုံကြည်စွာ အားတတ်လာစေရေးအတွက် အ‌ကြောင်းအရာ တစ်ခု သို့မဟုတ် ဝတ္ထုတို တစ်ပုဒ်တည်းကိုပင် သရုပ်ဖော်ပုံများ ဝေဝေဆာဆာဖြင့် သက်ကြီးစာပဒေသာ စာစဉ်သစ်များကိုလည်း ထုတ်ဝေခဲ့ပါသည်။

စာမူများကို ရုပ်ပုံ၊ ပန်းချီပုံများဖြင့် လှပဝေဆာစွာ သရုပ်ဖော်ရန် ပန်းချီဆရာ၊ ကာတွန်းဆရာကြီးများ ဖြစ်ကြသော ပန်းချီဦးဘကြည်၊ ကာတွန်းဦးဖေသိန်း၊ ပန်းချီဦးအေးတင်၊ ပန်းချီဦးပေါ်ဦးသက်၊ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်းဦးသန်းကြွယ်တို့ထံ အပ်နှံပြီး စာစဉ်များကို စာပေဗိမာန်တွင် ရိုက်နှိပ်ခဲ့ပါသည်။


မူလစာအုပ်များရှိရာတွင် ဖတ်မှတ်ရန်......

Comments